Wednesday, May 13, 2015

ထုံးအိုင်သမိုင်း စာအုပ်ရေးသားသူ နိုင်ပန်းအောင်၏ ကိုယ်ရေးမှတ်တမ်း ( အကျဉ်း ) နိုင်ပန်းအောင်သည် ခရစ်သက္ကရာဇ် ၁၉၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် ( ၁၂၈၇- ခုနှစ် တပေါင်းလဆန်း ၁၄ ရက် ) ဘားအံမြို့ နယ် ထုံးအိုင်ကျေးရွာတွင် အဘ နိုင်ဘိုးသင် အမိ မိစောခင် တို့ မှ မွေးဖွားပြီး မောင်နှမ ၆ ယောက်အနက် ၅ ယောက်မြောက်ဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၉၃၃ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ ထုံးအိုင်ရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ချိန် ( ၉ ) တန်း( နဝမတန်း) ကိုပညာသင်ကြား နေဆဲမှာပင် စစ်ဘေးဒဏ်ကြောင့် ကျောင်းများပိတ်လိုက်ပြီး ပညာသင်ကြားခြင်းမရှိတော့ပါ။ ၁၉၄၆ ခုနှစ်တွင် သထုံခရိုင် ဘားအံမြို့ တွင် မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်ပါတီ ထူထောင်ခဲ့ချိန်တွင် ပါတီကေဒါသင်တန်းကို တက်ရောက်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ထုံးအိုင်ရွာ စားသုံးသူသမဝါယမအသင်းတွင် အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ်နိုင်ငံတော် အစိုးရမှ ကျင်းပသော မြေတိုင်းဌာနစာမေးပွဲကို အောင်မြင်ခဲ့ပါသည်။ ထိုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့  အမှတ် ( ၂ ) ကြေးတိုင်းရုံးတွင် စာရေးတာဝန်ကို ထမ်းဆောင်ခဲ့ရာ ၁၉၅၃ ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဌာနတွင် စာရေးတာဝန်ကို ပြောင်းရွှေ့ ထမ်းဆောင်၍ မော်လမြိုင်မြို့ သို့ ပြောင်းရွှေ့ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် မိစောတင်နှင့်လက်ထပ်ခဲ့ပြီး သားသမီး ( ၅ )ယောက်မွေးဖွားခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် မော်လမြိုင်ခရိုင် ပြည်ထောင်စုလူငယ်အဖွဲ့ တွင် တွဲဘက်အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တစ်ဆက်ထဲမှာ နိုင်ငံတော်အစိုးရလယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဌာနတွင် စာရေးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ်တွင် သန့် ရှင်းမွန်အမျိုးသား အဖွဲ့ ချုပ် တွဲဘက်အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည့်အတွင်း အစိုးရ၏ စာရေးတာဝန်မှ နှုတ်ထွက်ခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်မြို့ တွင် ထုတ်ဝေသည့် ( ၁ ) ပြည်ထောင်စုနေ့ စဉ်သတင်းစာ ( ၂ ) အိုးဝေပြည်သူ့ နေ့ စဉ်သတင်းစာ ( ၃ )အမျိုးသားနေ့ စဉ်သတင်းစာနှင့် မန္တလေးမြို့ တွင် ထုတ်ဝေသည့် လူထုသတင်းစာတိုက်တွင် သတင်းထောက်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၅၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မော်လမြိုင်မြို့ တွင် ထုတ်ဝေသည့် ရွှေမြိုင်နေ့ စဉ်သတင်းစာတိုက်တွင် အယ်ဒီတာချုပ် ( တာဝန်ခံအယ်ဒီတာ ) တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တဆက်တည်းမှာပင် မွန်ပြည်နယ်ရှိရေးအတွက် မွန်ပြည်နယ်ဖော်ထုတ်ရေးနှင့် အလုပ်ညီညွတ်ရေးကော်မတီတွင် ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ပြီး လက်ငင်းမွန်ပြည်နယ်ပြဿနာ စာအုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မော်လမြိုင်မြို့  မောရဝတီပန်းခြံတွင် မွန်ပြည်နယ် အမြန်ရရှိရေးအတွက် လူထု ၁ သိန်းခန့်  တက်ရောက်သော ဆန္ဒပြပွဲတွင် မွန်ပြည်နယ်အမြန်ပေးရေး အဆို တင်သွင်းခဲ့ပါသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တွင် နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခြင်းခံရ၍ ပါတီဖျက်သိမ်းခြင်း ခံရသည့်အပြင် ရွှေမြိုင်နေ့ စဉ်သတင်းစာလည်း ထုတ်ဝေခွင့် ရပ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ၁၉၅၆ ခုနှစ်မှစ၍ မော်လမြိုင်မြို့ နယ် မွန်အမျိုးသား ကျင်းပရေးကော်မတီတွင် တွဲဘက်အတွင်းရေးမှူးအဖြစ်လည်းကောင်း အတွင်းရေးမှူးနှင့် ဒုဥက္ကဋ္ဌုဥက္ကဋ္ဌ နာယကအဖြစ်ဖြင့် နှစ်စဉ်လိုလိုပင် ယခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၆ ခုနှစ် မတ်လအထိ ရန်ကုန်မြို့  မင်္ဂလာဒုံမြို့ တွင်ဖွင့်လှစ်သော ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၆ ခုနှစ် ဇူလိုင်လမှ ၁၉၆၉ ခုနှစ်အထိ သံဖြူဇရပ်မြို့ နယ် ပါတီယူနစ်အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်နေစဉ်အတွင်း ယခင်ကဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုလူငယ်အဖွဲ့  မွန်ပြည်နယ်ရရှိရေးအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပါတီဌာနချုပ်၏ စစ်ဆေးခြင်းခံရ၍ ပါတီတာဝန်မှ ရပ်စဲခြင်း ခံရသည်။ ၁၉၈၈ ခုနှစ် မော်လမြိုင်တွင် သပိတ်မှောက်ဆန္ဒပြပွဲ အချိန်၌ မော်လမြိုင်မြို့ ကို ထိန်းသိမ်းရန်အတွက် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကော်မတီဖွဲ့ စည်းရာတွင် အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်၍ သံလွင်ဥယျာဉ်တွင် ၁၉၈၈ ခုနှစ် လူထုဆန္ဒပြပွဲကြီးတွင် ဆောင်ရွက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့  ( ဗဟို ) တွင် စည်းရုံးရေးဌာနမှူး တာဝန်ကို ဆောင်ရွက်ခဲ့ပြီး ၁၉၉၀ ခုနှစ် မေလတွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် မုဒုံမြို့ နယ် အမှတ် ၂ မဲဆန္ဒနယ်တွင် ရွေးကောက်ယှဉ်ပြိုင်အရွေးခံရာ ရှုံးန်မ့်သွားသည်။ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ကို အစိုးရမှ ဖျက်သိမ်းလိုက်ပြးသည့်နောက်ပိုင်းတွင် မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဗဟိုအဖွဲ့ တွင် နာယက တာဝန်ကို ယနေ့ အထိ ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီဗဟိုဖွဲ့ စည်းပြီး မှတ်ပုံတင်ရရှိခဲ့ပြီးမှ ယနေ့ အထိ ဗဟိုစည်းရုံးရေးမှူးတာဝန်ကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ပန်းအောင်သည်စာပေရေးရာနှင့် သမိုင်းရေးရာ လုပ်ငန်းကို ဝါသနာပါသည့်အလျောက် ယနေ့ အထိ- ( ၁ )ကျောက်စာအထောက်အထားနှင့် မွန်သမိုင်း ( ၂ ) မွန်သူရဲကောင်းသမိန်ဗရမ်း ( ၃ ) တိမ်မြုပ်နေသည့်မွန်တို့ ၏ ပါဒနိုင်ငံတော် ( ၄ ) ညောင်ရမ်းခေတ် မွန်နှင့် ဗမာ တို့ ၏ အခြေအနေ ( ၅ ) မွန်ဘုရင်ဝါရီရူးနှင့် ဝါရေရူး၏ ဓမ္မဿ ( ၆ ) ဟံသာဝတီရွှေမော်ဓောသမိုင်း ( ၇ ) ဆံတော်နှင့် သွားတော်ဌာပနာသည့် စေတီသမိုင်း ( ၈ ) မွန်ဘုရင်ဗညားဦးနှင့်သမိုင်းဝင်ဆောင်းပါးများ ရွှေမြိုင်မင်းအောင် အမည်ဖြင့် ရေးသားလျှက်ရှိသည်။

No comments:

Post a Comment