












ကရင်ပြည်နယ်
(တည်နေရာနှင်.အကျယ်အ၀န်း )
ကရင်ပြည်နယ်သည် ၁၁၇၃၁
စတုရန်းမိုင်ကျယ်ဝန်းသည်။
မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်
တည်ရှိပြီး မွန်ပြည်နယ်၊
ပဲခူးတိုင်း၊ မန္တလေးတိုင်း၊
ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့်
နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။
(လူမျိုး )
စကောကရင်(သို့) မြန်မာကရင်
နှင့် ပိုးကရင်(သို့) မွန်ကရင်
ဟူ၍ အကြမ်းအားဖြင့်
နှစ်မျိုးကွဲပြားသည်။
( မြို့တော် )
ကရင်ပြည်နယ်၏
မြို့တော်မှာ ဘားအံဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)
ကျော်က သံလွင်မြစ်ကမ်းနဖူးတွင်
စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိ
ရွာလေးတစ်ရွာသာဖြစ်ခဲ့သည်။
ရွာကလေးတည်ရာသံလွင်
မြစ်၏ကမ်းစွယ်တွင်အဓိကရ
ကျောက်စွန်းကြီးတစ်ခုရှိသည် ။
ထိုစွန်းကို ယိုးဒယား၊
ရှမ်းဘာသာဖြင့်ဖား
အမ်း(ကျောက်+အစွယ်)ဟု ခေါ်ခဲ့သည်။
ဖားအမ်းမှတစ်ဆင့်
အသံအနည်းငယ်ပြောင်း၍
ဘားအံဟုအမည် တွင်လာသည်။
၁၉၀၇ခုနှစ်တွင်မြို့ကွက် ရိုက်ခဲ့သည်။
ဘားအံမြို့နယ်တွင် ထင်ရှားသောတောင်သည်
ဇွဲကပင်တောင်ဖြစ်သည်။
ဇွဲကပင် ဆုတောင်းပြည့်စေတီတော်
တည်ထားသည်။
ဘားအံမြို့မှ သံလွင်မြစ်ညာ
ရှစ်မိုင်ခန့် အကွာ ကော့ဂွန်းတောင်၏
အရှေ့ဘက်၌ ကော့ဂွန်းဂူရှိသည်။
ဘားအံ၏ အနောက်ဘက်(၁၂)
မိုင်ကွာအရပ်၌ ဘုရင်ဂျီဂူ
(ဘုရင့်ညီဂူ) ရှိသည်။
ဂူ၏အောက်ခြေတွင်
ရေပူစမ်းအိုင်ရှိသည်။
ရေပူစမ်း၊ ရေအေး စမ်းနှစ်ခုယှဉ်လျက်
စီးဆင်းလျက်ရှိသော်လည်း
ရေပူနှင့်ရေအေး ပေါင်းစပ်ခြင်းမရှိကြောင်း
တွေ့ရ သည်။
ခရိုင်ရုံးစိုက်ရာမြို့များမှာ
ကော့ကရိတ် ၊
မြဝတီ ၊
အခြား မြို့ရွာများမှာ
ဘောဂလိကြီး ၊
ချောင်နှစ်ခွ ၊
ဒါးကွင်း ၊
ဒေါ်လမ်း ၊
အိန္ဒု ၊
လှိုင်းဘွဲ့ ၊
ဖာပွန် ၊
ထီလုံ ၊
ထုံးအိုင် ၊
ကတိုင်တိ ၊
ကတိုး ၊
ကမမောင်း ၊
ကော့ဘိန်း ၊
ကော့လ္လိုး ၊
ကျိုက်ဒုံ ၊
ကြာအင်းဆိပ်ကြီး ၊
ကျောက်ညှပ် ၊
ကျုံဒိုး ၊
ကျွန်းချောင်း ၊
လဂွန်းပျို ၊
လိပ်သို ၊
မက်သရော ၊
မဝိုင်း ၊
မယ်ပလဲ ၊
မိကျောင်း ၊
မြိုင်ကလေး ၊
မြိုင်ကြီးငူ ၊
နဘူး ၊
နတ်တောင် ၊
နောင်လုံ ၊
ပိုင်ကျုံ ၊
ဖအိုးထ ၊
ရွှေဂွန်း ၊
တောင်ကလေး ၊
တောင်ဝိုင်း ၊
သံတောင် ၊
သံတောင်ကြီး ၊
ဝင်းက ၊
ဝင်းကနား ၊
ယာဒို ၊
ရေပူ ၊
ယင်းပိုင် ၊
်ဇာသပြင် ၊
တို့ ဖြစ်သည် ။
စိတ်ဝင်စားဖွယ်နေရာများမှာ
ဇွဲကပင်တောင် ၊
ဆဒ္ဒန်ဂူ ၊
ဘုရင့်ညီဂူ ၊
သံတောင် အပန်းဖြေစခန်း ၊
တို့ ဖြစ်သည်ကြောင်း တင်ပြအပ်ပါသည် ။
ထုံးအိုင်သမိုင်း စာအုပ်ရေးသားသူ
နိုင်ပန်းအောင်၏ ကိုယ်ရေးမှတ်တမ်း ( အကျဉ်း )
နိုင်ပန်းအောင်သည် ခရစ်သက္ကရာဇ်
၁၉၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်
( ၁၂၈၇- ခုနှစ် တပေါင်းလဆန်း ၁၄ ရက် )
ဘားအံမြို့ နယ် ထုံးအိုင်ကျေးရွာတွင်
အဘ နိုင်ဘိုးသင် အမိ မိစောခင်
တို့ မှ မွေးဖွားပြီး မောင်နှမ ၆ ယောက်အနက်
၅ ယောက်မြောက်ဖြစ်သည်။
ခရစ်သက္ကရာဇ် ၁၉၃၃ ခုနှစ်မှ
၁၉၄၂ ခုနှစ်အထိ ထုံးအိုင်ရွာ
အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး
ဒုတိယကမ္ဘာစစ်ဖြစ်ချိန် ( ၉ ) တန်း( နဝမတန်း)
ကိုပညာသင်ကြား နေဆဲမှာပင် စစ်ဘေးဒဏ်ကြောင့်
ကျောင်းများပိတ်လိုက်ပြီး ပညာသင်ကြားခြင်းမရှိတော့ပါ။
၁၉၄၆ ခုနှစ်တွင် သထုံခရိုင် ဘားအံမြို့ တွင်
မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်ပါတီ
ထူထောင်ခဲ့ချိန်တွင် ပါတီကေဒါသင်တန်းကို
တက်ရောက်ခဲ့ပါသည်။
၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ
ထုံးအိုင်ရွာ စားသုံးသူသမဝါယမအသင်းတွင်
အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်ခဲ့ပါသည်။
၁၉၅၁ ခုနှစ်နိုင်ငံတော် အစိုးရမှ ကျင်းပသော
မြေတိုင်းဌာနစာမေးပွဲကို
အောင်မြင်ခဲ့ပါသည်။
ထိုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ 
အမှတ် ( ၂ ) ကြေးတိုင်းရုံးတွင် စာရေးတာဝန်ကို
ထမ်းဆောင်ခဲ့ရာ ၁၉၅၃ ခုနှစ်တွင်
လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဌာနတွင်
စာရေးတာဝန်ကို ပြောင်းရွှေ့ ထမ်းဆောင်၍
မော်လမြိုင်မြို့ သို့ ပြောင်းရွှေ့ ဆောင်ရွက်ခဲ့ပါသည်။
၁၉၄၈ ခုနှစ်တွင် မိစောတင်နှင့်လက်ထပ်ခဲ့ပြီး
သားသမီး ( ၅ )ယောက်မွေးဖွားခဲ့ပါသည်။
၁၉၅၄ ခုနှစ်တွင် မော်လမြိုင်ခရိုင်
ပြည်ထောင်စုလူငယ်အဖွဲ့ တွင် တွဲဘက်အတွင်းရေးမှူး
တာဝန်ကို ထမ်းဆောင်ခဲ့သည်။
တစ်ဆက်ထဲမှာ နိုင်ငံတော်အစိုးရလယ်ယာမြေ
နိုင်ငံပိုင်ပြုလုပ်ရေးဌာနတွင် စာရေးတာဝန်ကို
ထမ်းဆောင်ခဲ့ပါသည်။
၁၉၅၈ ခုနှစ်တွင် သန့် ရှင်းမွန်အမျိုးသား အဖွဲ့ ချုပ်
တွဲဘက်အတွင်းရေးမှူးတာဝန်ကို
ထမ်းဆောင်ခဲ့သည့်အတွင်း အစိုးရ၏
စာရေးတာဝန်မှ နှုတ်ထွက်ခဲ့သည်။
ထိုနှစ်မှာပင် ရန်ကုန်မြို့ တွင် ထုတ်ဝေသည့်
( ၁ ) ပြည်ထောင်စုနေ့ စဉ်သတင်းစာ
( ၂ ) အိုးဝေပြည်သူ့ နေ့ စဉ်သတင်းစာ
( ၃ )အမျိုးသားနေ့ စဉ်သတင်းစာနှင့်
မန္တလေးမြို့ တွင် ထုတ်ဝေသည့်
လူထုသတင်းစာတိုက်တွင်
သတင်းထောက်တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၉၅၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ
မော်လမြိုင်မြို့ တွင် ထုတ်ဝေသည့်
ရွှေမြိုင်နေ့ စဉ်သတင်းစာတိုက်တွင်
အယ်ဒီတာချုပ် ( တာဝန်ခံအယ်ဒီတာ )
တာဝန်ကို ထမ်းဆောင်ခဲ့သည်။
တဆက်တည်းမှာပင် မွန်ပြည်နယ်ရှိရေးအတွက်
မွန်ပြည်နယ်ဖော်ထုတ်ရေးနှင့်
အလုပ်ညီညွတ်ရေးကော်မတီတွင်
ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ပြီး
လက်ငင်းမွန်ပြည်နယ်ပြဿနာ
စာအုပ်ကို ထုတ်ဝေခဲ့သည်။
၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလတွင်
ကျင်းပသော မော်လမြိုင်မြို့ 
မောရဝတီပန်းခြံတွင် မွန်ပြည်နယ်
အမြန်ရရှိရေးအတွက် လူထု ၁ သိန်းခန့် 
တက်ရောက်သော ဆန္ဒပြပွဲတွင်
မွန်ပြည်နယ်အမြန်ပေးရေး အဆို တင်သွင်းခဲ့ပါသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တွင်
နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်နေဝင်း
အာဏာသိမ်းခြင်းခံရ၍ ပါတီဖျက်သိမ်းခြင်း
ခံရသည့်အပြင် ရွှေမြိုင်နေ့ စဉ်သတင်းစာလည်း
ထုတ်ဝေခွင့် ရပ်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ၁၉၅၆ ခုနှစ်မှစ၍
မော်လမြိုင်မြို့ နယ် မွန်အမျိုးသား
ကျင်းပရေးကော်မတီတွင်
တွဲဘက်အတွင်းရေးမှူးအဖြစ်လည်းကောင်း
အတွင်းရေးမှူးနှင့် ဒုဥက္ကဋ္ဌ
ုဥက္ကဋ္ဌ နာယကအဖြစ်ဖြင့်
နှစ်စဉ်လိုလိုပင် ယခုနှစ်အထိ
တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၆၅ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၆ ခုနှစ်
မတ်လအထိ ရန်ကုန်မြို့ 
မင်္ဂလာဒုံမြို့ တွင်ဖွင့်လှစ်သော
ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းတွင် ပညာသင်ကြားခဲ့ပြီး
၁၉၆၆ ခုနှစ် ဇူလိုင်လမှ ၁၉၆၉ ခုနှစ်အထိ
သံဖြူဇရပ်မြို့ နယ် ပါတီယူနစ်အတွင်းရေးမှူးတာဝန်ကို
ဆောင်ရွက်နေစဉ်အတွင်း ယခင်ကဆောင်ရွက်ခဲ့သည့်
ပြည်ထောင်စုလူငယ်အဖွဲ့  မွန်ပြည်နယ်ရရှိရေးအတွက်
ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပါတီဌာနချုပ်၏
စစ်ဆေးခြင်းခံရ၍ ပါတီတာဝန်မှ ရပ်စဲခြင်း ခံရသည်။
၁၉၈၈ ခုနှစ် မော်လမြိုင်တွင် သပိတ်မှောက်ဆန္ဒပြပွဲ
အချိန်၌ မော်လမြိုင်မြို့ ကို ထိန်းသိမ်းရန်အတွက်
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကော်မတီဖွဲ့ စည်းရာတွင်
အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်၍
သံလွင်ဥယျာဉ်တွင် ၁၉၈၈ ခုနှစ်
လူထုဆန္ဒပြပွဲကြီးတွင် ဆောင်ရွက်ခဲ့သည်။
၁၉၅၉ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့  ( ဗဟို )
တွင် စည်းရုံးရေးဌာနမှူး တာဝန်ကို ဆောင်ရွက်ခဲ့ပြီး
၁၉၉၀ ခုနှစ် မေလတွင် ကျင်းပသော
အထွေထွေရွေးကောက်ပွဲတွင် မုဒုံမြို့ နယ် အမှတ် ၂
မဲဆန္ဒနယ်တွင် ရွေးကောက်ယှဉ်ပြိုင်အရွေးခံရာ ရှုံးန်မ့်သွားသည်။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ကို အစိုးရမှ
ဖျက်သိမ်းလိုက်ပြးသည့်နောက်ပိုင်းတွင်
မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဗဟိုအဖွဲ့ တွင်
နာယက တာဝန်ကို ယနေ့ အထိ ဆောင်ရွက်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီဗဟိုဖွဲ့ စည်းပြီး
မှတ်ပုံတင်ရရှိခဲ့ပြီးမှ ယနေ့ အထိ ဗဟိုစည်းရုံးရေးမှူးတာဝန်ကို
ဆောင်ရွက်လျက်ရှိသည်။
နိုင်ပန်းအောင်သည်စာပေရေးရာနှင့် သမိုင်းရေးရာ
လုပ်ငန်းကို ဝါသနာပါသည့်အလျောက် ယနေ့ အထိ-
( ၁ )ကျောက်စာအထောက်အထားနှင့် မွန်သမိုင်း
( ၂ ) မွန်သူရဲကောင်းသမိန်ဗရမ်း
( ၃ ) တိမ်မြုပ်နေသည့်မွန်တို့ ၏ ပါဒနိုင်ငံတော်
( ၄ ) ညောင်ရမ်းခေတ် မွန်နှင့် ဗမာ တို့ ၏ အခြေအနေ
( ၅ ) မွန်ဘုရင်ဝါရီရူးနှင့် ဝါရေရူး၏ ဓမ္မဿ
( ၆ ) ဟံသာဝတီရွှေမော်ဓောသမိုင်း
( ၇ ) ဆံတော်နှင့် သွားတော်ဌာပနာသည့် စေတီသမိုင်း
( ၈ ) မွန်ဘုရင်ဗညားဦးနှင့်သမိုင်းဝင်ဆောင်းပါးများ
ရွှေမြိုင်မင်းအောင် အမည်ဖြင့် ရေးသားလျှက်ရှိသည်။
(ဝါရင့် မွန်အမျိုးသား ခေါင်းဆောင် နိုင်ငွေသိမ်း အကြောင်းတစေ့တစောင်း )
မွန်လူမျိုးတွေအတွက် တကယ်အလုပ်လုပ်နေတဲ့
ထုံးအိုင်ရွာဇာတိက မွန်အမျိုးသားခေါင်းဆောင်
နိုင်ငွေသိမ်းအကြောင်းကို အနည်းငယ်
ဝေမျှချင်ပါတယ်။
ထုံးအိုင်ရွာက မွန်လူငယ်တွေ လေးစားအားကျအတုယူအောင်လို့ ပါ ။
၁၉၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊
ဘားအံမြို့နယ်၊ ထုံးအိုင်ရွာ၌ မွေးဖွားခဲ့သည့် ဝါရင့်
နိုင်ငံရေးသမား နိုင်ငွေသိမ်းသည် အသက် ၁၉ နှစ်အရွယ်
(၁၉၄၂) တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော်
BIA မှ စပြီး နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့သည်။
မွန်လူမျိုး ရေးရာ အဖွဲ့ အထွေထွေ အတွင်းရေးမှူး၊
အာရှ လူငယ် အစည်းအရုံးဝင်၊ ရာမည တိုင်းလုံးဆိုင်ရာ
မွန်ရေးရာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ ပြည်သူ့ရဲဘော်
တပ်ဖွဲ့ဝင်၊ မွန်ရေးရာ အဖွဲ့နှင့် မွန်တိုင်းရင်းသား
အဖွဲ့ ပူးတွဲတပ်ဖွဲ့ စစ်ရေး တာဝန်ခံ၊ မွန်ပြည်သူ့
တပ်ဦး နိုင်ငံခြားရေးရာ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး
၁၉၅၈ တွင် ဥပဒေဘောင်အတွင်းမှ နိုင်ငံရေး
လှုပ်ရှားရန် ဦးနု အစိုးရထံ လက်နက်အပ်စဉ်တွင် ပါဝင်ခဲ့သည်။
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ စတင် ဖွဲ့စည်းခဲ့သည့် ၁၉၉၈ မှ စ၍
ပါတီ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးနောက် ပြည်ထောင်စု
တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD)
တွင်လည်း အမြဲတမ်း သဘာပတိ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ကာ
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ စပြီး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။
မွန်ပြည်သစ်ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး
တာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်) ကလည်း နိုင်ငွေသိမ်း အား
မွန်အမျိုးသား နိုင်ငံရေး ခေါင်းဆောင်တဦးအဖြစ် လေးစားကြောင်း ပြောဆိုသည်။
နိုင်ငွေသိမ်းသည် နိုင်ငံရေး လှုပ်ရှား မှုများကြောင့်
၁၉၄၈ ခုနှစ်တွင် တကြိမ်၊
၁၉၆၃ မှ ၁၉၆၅ ခုနှစ်တွင် တကြိမ်
ထောင်ဒဏ် ချမှတ် ခံရသည်။
ထို့နောက် နိုင်ငံရေး သင်တန်း ပို့ချမှု၊ နိုင်ငံရေး သင်တန်းစာအုပ်
ထုတ်ဝေ ဖြန့်ချိမှုဖြင့် ၁၉၉၁ ခုနှစ်တွင် ထောင်ဒဏ် ၂၁ ချမှတ်
ခံခဲ့ရသော်လည်း စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးစဉ်
မွန်ပြည်သစ်ပါတီမှ တောင်းဆိုခဲ့၍ ၁၉၉၄ ခုနှစ်၌
ပြန်လည် လွတ်မြောက်ခဲ့သည်။ထို့ပြင် မွန်ပြည်သစ်ပါတီသို့
ပေးပို့သည့် အကြံပြု စာတမ်းတွင်
“နဝတ စစ်အာဏာရှင် စနစ်ကို သက်ဆိုး ရှည်စေသည်”
ဆိုသည့် စာအရေး အသားကြောင့် ၁၉၉၈ ခုနှစ်တွင်
ထောက်ဒဏ် ၇ နှစ် ကျခံခဲ့ရပြန်၍နိုင်ငွေ သိမ်း၏
နိုင်ငံရေးဘဝတွင် အုပ်စိုးသူ အာဏာပိုင်များ၏ ထောင်သွင်း
အကျဉ်းချမှု လေးကြိမ် ကြုံခဲ့ရသည်။
နိုင်ငွေသိမ်းသည် ၂၀၀၉ ခုနှစ်တွင် နော်ဝေ နိုင်ငံရောက်
၈၈ မျိုးဆက် ကျောင်းသားများနှင့် တိုင်းရင်းသား အဖွဲ့အချို့မှ
ပူးပေါင်းချီးမြှင့်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး
သူရဲကောင်းဆုကို အခြား တိုင်းရင်းသားခေါင်းဆောင် ၄ ဦးနှင့်အတူရရှိခဲ့သည်။
mizzima news မှကူးယူဖော်ပြအပ်ပါသည်။
သက်ဆိုင်သူများအား credit ပေးပါသည်။
ထုံးအိုင်ရွာ၏တည်နေရာနှင့်ပတ်ဝန်းကျင်များ
- - - - - - - - - - - - - - - - - - - - - - - -
ထုံးအိုင်ကျေးရွာသည် ပတ်ဝန်းကျင် ( ၄ )မျက်နှာအရပ်၌ အရှေ့ ဘက်တွင်
နောင်ထလုံးကျေးရွာ၊ ကော့သံခါကျေးရွာ၊ နောင်ဘိုရွာ၊
အနောက်ဘက်၌ သံလွင်မြစ်ကိုကျော်၍ နတ်မှော်ရွာ
မကျီးကျွန်းရွာ၊ရေကျော်ရွာ၊၀ဲကြီးရွာ
တောင်ဘက်ဒေါက်ဒဲကျွန်း၊ကော့ရခိုင်ကျွန်း၊မိန်းမလှကျွန်းရွာ
ဖာအွန်ရွာ ရှိပြီး မြောက်ဘက်၌ ၀င်းကျန်ရွာ
ဖာလင်ရွာ၊ကမ်းနားဖာလင်ရွာနှင့် ၆ မိုင်ကွာ ကော့လှိုက်ကျေးရွာ
တည်ရှိသည်။
ထုံးအိုင်ရွာသည် မွန်လူမျိုးများနေထိုင်ကြသော
ကျေးရွာတစ်ရွာဖြစ်သည်။ကရင်ပြည်နယ်၊ဘားအံမြို့ နယ်၊
ကော့ကရိတ်မြို့ နယ်၊ကြာအင်းဆိပ်ကြီးမြို့ နယ်များရှိမွန်ရွာများတွင်
အကြီးဆုံးသော မွန်ရွာကြီး တစ်ရွာဖြစ်သည်။
ထုံးအိုင်ရွာမှ မော်တော်ကားဖြင့် မော်လမြိုင်သို့ ခရီးထွက်ခဲ့ပါလျှင်
ဦးစွာနောင်ထလုံးရွာသို့ ရောက်ရှိပြီး၎င်းမှ ကော့မီက၀ရွာ
ကားလမ်းအနောက်ဘက် ( ၂ ) မိုင်ခန့် ခရီးတွင်
ကရင်ကော့ကျိုက်ရွာ၊ရွှေတောရွာ၊ဇာသပြင်ရွာ၊ဖဲကသာရွာ-ကတိုးရွာ
ကော့နှပ်ရွာ၊ညောင်ပင်ဆိပ်ရွာ ( မော်လမြိုင်စက်မှုဇုံ ) သို့
၎င်းမှတစ်ဆင့် မော်လမြိုင်သို့ ရောက်သည်။
ထုံးအိုင်ရွာမှ မော်လမြိုင်သို့ ဆက်သွယ်ထားသည့်ကားလမ်းမှာ အထက်ဖော်ပြပါ
ရွာများ၏ အရှေ့ ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိကြောင်း တင်ပြအပ်ပါသည်။
ထုံးအိုင်ရွာသည် မူလရွာဟောင်းပိုင်းမှ လူနေထူထပ်လာကာ
တောင်ဘက်သို့ တဖြေးဖြေး ရွာတည်လာရာ ၎င်းအရပ်ကို
ထုံးအိုင်အောက်ပိုင်းရွာဟု အမည်တွင်လာ၏
အထက်ရွာမှ စ၍ စစ်အစိုးရလမ်းစဉ်ပါတီခေတ်တွင်
ရွာသစ်ပိုင်း တောင်ဘက်မှ မြောက်ဘက်သို့ 
ရပ်ကွက် ၁ ၂ ၃ ၄ ၅ ရပ်ကွက်ဟူ၍ သတ်မှတ်ခဲ့ကြသည်။
ရွာ၏အလယ်တွင် နတ်စင်အဆောက်အဦး တည်ဆောက်ထား၏
ထုံးအိုင်ရွာတွင် ဘုန်းတော်ကြီးကျောင်း ( ၉ ) ကျောင်းတည်ရှိပြီး ရပ်ကွက် ( ၉ ) ရပ်ကွက်တည်ရှိသည်။
( ၁ ) တိုက်ကျောင်း
( ၂ ) ကွင်းကျောင်း( ဘာဝါ )
( ၃ ) ခြံကျောင်း
( ၄ ) မြန်မာစုကျောင်း
( ၅ ) တောရကျောင်း
( ၆ ) အလယ်ကျောင်း
( ၇ ) ကျောင်းသစ်ကျောင်း
( ထိုကျောင်းတွင်စာသင်သံဃာတော်များပရိယတ္တိစာပေသင်ကြားလျှက်ရှိသည် )
( ၈ ) လေသာကျောင်း (ကူးဆိပ်ကျောင်း )
( ၉ ) သာသနာ့ ဂုဏ်ရည်ကျောင်း
ထုံးအိုင်ရွာ စတင်တည်ထောင်သောအချိန်တွင်
ကမ်းနားက တိုက်ကျောင်းတစ်ကျောင်းသာ တည်ရှိပြီး
ကျေးရွာနေလူထုများပြားလာ၍ ယခုကဲ့သို့ 
ဘုန်းကြီးကျောင်းများ တည်ဆောက်လာကြောင်းသိရသည်။
အမှတ် ( ၅ ) အလယ်ကျောင်းဝင်းတွင် ရှေးကျေးရွာ
စတင်တည်ထောင်စဉ်က စ၍ ၀တ်ကျောင်းတစ်ဆောင် တည်ရှိရာ
၎င်းအဆောက်အဦးအတွင်းဘုရားဆင်းတုတော်များ
တည်ရှိရာ ရှေးဟောင်းအဆောက်အဦးဖြစ်သည် ။
ထုံးအိုင်ကျေးရွာမှာ ကရင်ပြည်နယ် ဘားအံမြို့ နယ် ( တောင်ပိုင်း )
သံလွင်မြစ်၏ အရှေ့ ဘက် ကမ်းနဖူးပေါ်တွင် တည်ရှိသည် ။
ဘားအံမြို့ နှင့် ၁၅ မိုင် - မော်လမြိုင်မြို့ နှင့် ၁၅ မိုင်ကွာ တည်ရှိ၏
ဘားအံမှလည်းကောင်း မော်လမြိုင်မှလည်းကောင်း
မော်တော်ကားလမ်းဖောက်လုပ်ဆက်သွယ်ထား၏
ရေလမ်းမှာမူ သံလွင်မြစ်ကိုအသုံးပြု၍ ယခင်နှစ် ၁၀၀ ကျော်မှစ၍
မော်လမြိုင်မှဘားအံသို့ လည်းကောင်း ရွှေဂွန်းသို့ လည်းကောင်း ခရီးမိုင်ပေါင်း
( ၈၀ ) ခန့် ရေလမ်းခရီးဖြင့် ၂ ထပ်သင်္ဘောများခုတ်မောင်းလျှက်ရှိရာ
ထုံးအိုင်ရွာသည် အကြီးဆုံးသော သင်္ဘောဆိပ်ရွာကြီးဖြစ်ပြီး
ခရီးသည်များစားသောက်သုံးစွဲဖွယ်ရာအထူးရောင်းဝယ်ကောင်းမွန်သော
ကျေးရွာကြီးတစ်ရွာဖြစ်ခဲ့သည်။
( ယခုအခါ ရေလမ်းကိုအသုံးမပြုကြတော့ပေ )
ထုံးအိုင်ရွာသည် စစ်သူကြီးဒလဘန်းနှင့်ကြင်ယာတော်မိထောအွန်းမိသားစုအပါအ၀င်
မှူးမတ်သေနာပတိနန်းတွင်းသူနန်းတွင်းသားများ စုပေါင်း၍ ထိုဒေသတွင်
ရောက်ရှိလာပြီး ကျေးရွာတည်ထားခဲ့သည်ဖြစ်သည့်အတွက်
ယနေ့ ထုံးအိုင်ရွာတွင် မွေးဖွားလာသည့် မွန်လူမျိုးများသည်
၎င်းတို့ ၏ ဆွေမျိုးသားအဆက်အနွယ်များ ဖြစ်ကြကြောင်း သုံးသပ်ရပါသည်။